written by Richard Templer
Translated by Mra Rose;
Presented by Mg Pyin Nyar
Be your own adviser
You might like to call in your conscience if you like, but deep down to know when you‘ve done something bad. You know when you’ve got to apologize, make amends, put things right. You know.And I know you know.I know because we all know.There’s no getting away from it.
မိမိအတွက် အကြံပေးပုဂ္ဂိုလ်သည် မိမိသာလျင်ဖြစ်ပါစေ
သင့်အနေဖြင့် သင်၏အသိစိတ်ဟု ခေါ်လိုက ခေါ်နိုင်သည်။ မည်သို့ဆိုစေ အဆိုးတစ်ခုလုပ်မိလျှင် သင့်စိတ်က သိနေသည်၊သင်တောင်းပန် ရန်လိုလျှင်လည်းကောင်း၊ ပြန်လည်သင့်မြတ်အောင် လုပ်ဖို့လိုလျှင် လည်း ကောင်း၊ မှားနေသည်ကို မှန်အောင်လုပ်ရန် လည်းကောင်း သင်သိသည်။ သင်သိမှန်းကျွန်ုပ်သိသည်၊ကျွန်ုပ်သိသည်မှာ လူတိုင်းသိ၍ဖြစ်သည်။ ထို့ကြောင့် သင်ရှောင်တိမ်း၍ မရပါ။
The Rules of Life (35)
written by Richard Templer
Translated by Mra Rose ;
Presented by Mg Pyin Nyar
Be your own adviser
Deep down within all of us is a fount of wisdom. This is called intuition. Listening to your intuition is a slow learnt process. It starts by recognizing that tiny inner voice of feeling that will tell you when you’ve done something yopu shouldn’t have. It’s an incredibly still, quiet voice and needs silence and concentration to hear it properly to begin with.
မိမိအတွက် အကြံပေးပုဂ္ဂိုလ်သည် မိမိသာလျင်ဖြစ်ပါစေ
ကျွန်ုပ်တို့အားလုံးသည် လိုအပ်လျှင် ထုတ်သုံးနိုင်သည့် ညဏ် အမြော်အမြင် စကားစုများကို ပိုင်ဆိုင်ထားကြသည်။ထိုအရာကို ၀မ်းတွင်းအသိ ဟု ခေါ်သည်။ သင့် ၀မ်းတွင်းအသိကို နားထောင်ရာတွင်ဖြည်းဖြည်းချင်း သင်ယူစရာများရှိသည်၊ထိုအသိကို နားထောင်ခြင်းအစတွင် သင်သည် မလုပ်သင့်သည့် လုပ်ရပ်တစ်ခုကို လုပ်မိပါက သင်၏ အတွင်းအသံငယ် (သို့မဟုတ်) ခံစားချက်တစ်ခုက သင့်ကို အပြစ်တင်သည်ကို ကြားရလိမ့်မည်။ ထိုအသံသည် မယုံကြည်နိုင်လောက်အောင် ငြိမ်သက်တိုးညင်း၍ တိတ်ဆိတ်မှု နှင့် အာရုံစိုက်မှုရှိမှ သေချာကြားနိုင်ပေသည်။
The Rules of Life (36)
written by Richard Templer
Translated by Mra Rose;
Presented by Mg Pyin Nyar
Be your own adviser
Once you start listening to that inner voice or feeling the feeling, you’ll find it can help. It will become more than a mindless parrot perched on your shoulder, chanting “ You mess up again “ after the event. The key is when you hear your intuition telling you whether something in the right thing to do or not before you do it.
မိမိအတွက် အကြံပေးပုဂ္ဂိုလ်သည် မိမိသာလျင်ဖြစ်ပါစေ
သင်၏ အတွင်းအသံကို နားထောင်ပြီး အတွင်းခံစားချက်ကို အာရုံ ထားခြင်းသည် သင့်ကို အထောက်အကူပြုလိမ့်မည်၊ သင့်ပခုံးပေါ်တွင်နားပြီး `ခင်ဗျားမှားသွားပြန်ပြီ´ ဟု သင့်လုပ်ရပ် ပြီးဆုံးချိန်တွင် နားမလည်ဘဲ အော်နေ သည့် ကြက်တူရွေးထက် ထိုစိတ်က သာသည်။သော့ချက်မှာ သင်၏ ၀မ်းတွင်း အသိက သင့်လုပ်ရပ်မတိုင်မီ ထိုလုပ်ရပ်သည် မှန်သည် မှားသည်ဟု သင့်ကို ပြောပြလျှင် အကောင်းဆုံးပါ။
မောင်ပညာ၏ မှတ်ချက်။ ။ လူ၏ အသိညဏ်ပညာ Wisdom နှင့် ညဏ်အသိစိတ် conscience တို့ကို သုံးသပ်ဆင်ခြင်တတ်မှု၊ အသုံးချ နိုင်မှု တို့သည် လူ့ဘ၀အတွက် အလွန်အရေးပါသော အချက်ဖြစ်၏။ ဗုဒ္ဓ၏ သဗ္ဗညုတ ညဏ်တော်ကြီးသည်လည်း ယင်း အသိညဏ်ပညာ နှင့် ညဏ်အသိစိတ်တို့ကို ရည်ညွှန်းမှုရှိကြောင်း၊ တစ်ဖန် ဗုဒ္ဓ ကိုယ်တိုင်လည်း မိမိကိုယ်မိမိသာ အကြံပေး ပုဂ္ဂိုလ်အဖြစ်ထားပြီး၊ မိမိကိုယ်မိမိသာ အားထားသူဖြစ်ကြောင်း၊ အတ္တသရဏံ ပြုပြီးသူဖြစ်ကြောင်းမှတ်သားမိပါသည်။ညဏ်ရှိသလို ဆင်ခြင်သုံးတတ်ကြပါစေ။
www.mgpyinnyar.com
winpyin@gmail.com